ကျိုက်ဒုံ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ချောင်းဝကျေးရွာ တောင်သူ ဦးအဘောင်၏ စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားခြင်းကြောင့် နေ့စဉ်မိသားစု အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းတွင် ပဲတောက်ရှည်၊ နံနံပင်၊ ခဝဲသီး၊ ချဉ်ပေါင်၊ သခွားသီးများ စိုက်ပျိုးထားသည်။ အဆိုပါ စိုက်ခင်းမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များအား ကျိုက်ဒုံမြို့မစျေးတွင် ပြန်လည် ရောင်းချရာ တစ်ရက်လျင် မိသားစုအပိုဝင်ငွေ (၂၀၀၀၀)ကျပ် ရရှိနေကြကြောင်း၊ စိုက်ပျိုးနည်းပညာများကို ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
သန်းထွန်းနိုင်