ရှမ်းရွာသစ်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

ရှမ်းရွာသစ်    ဒီဇင်ဘာ   ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် အားက စားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား/သူများက ထုပ်ဆီးထိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများ လွတ်လပ် ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)