ကျိုက်ဒုံ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇ နာရီက မြို့မဈေးတွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဈေးရောင်းဈေးဝယ်သူများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် ကိုဗစ်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ဘက်စုံသားဖွား ဆရာမဒေါ်ခင်မာထွန်း၊ စည်ပင်ဦးစီးမှူးနှင့် နယ်မြေစခန်းမှူးတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ဈေးရောင်းဈေးဝယ်သူများအား နှားခေါင်းပိတ်များတပ်ဆင်ကြရန်၊ လက်အိတ်များစွပ်၍ ဈေးရောင်းကြရန် မိမိတို့၏လက်များကိုလက်ဆေးဆပ်ပြာ၊ ဟန်ဂျယ်များအသုံးပြု၍ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် ရှောင်ရှားကြရန် စသည့်ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ-ပြန်/ဆက်)