ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင် ရန် ပညာပေး

 

ပင်လောင်း     ဩဂုတ်    ၂၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက်  Mask တပ်ဆင်ခြင်း ယဉ်ကျေးမှုဖြစ်ပေါ်စေပြီး ဈေးသွားဈေးလာ ၊ လူထူထပ် သည့် နေရာ များတွင် Mask တပ်ဆင်ခြင်း အလေ့အထရှိခြင်းကြောင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်သည့် ရည်ရွယ် ချက်ဖြင့် Mask များဖြန့်ဝေပေးခြင်းကို  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်တွင်  ယနေ့နံနက်ပိုင်းက  မြို့မရဲစခန်းရှေ့ မင်းလမ်းပေါ်၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။

Mask များဖြန့်ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီး ဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့(ခွဲ)၊ အမျိုး သမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ဈေးသွားဈေးလာ ၊ လူထူထပ်သည့်နေရာများတွင် Mask ယူဆောင်အသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များဝယ်ယူတပ်ဆင် စေခြင်းဖြင့် ပညာပေး လျက် ရှိကြောင်း သိရသည်။ 

ခွန်အာကာစိုး