ဆီဆိုင် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင် လောင်းများအား အိမ်တိုင်ရာရောက် အဟာရ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များတို့က ဆီဆိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟိုခဲ၊ မြကန်သာ၊ မင်္ဂလာ၊ သီရိ၊ အောင်သပြေ၊ အောင်ချမ်းသာရပ်ကွက်တို့ရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက်ကန်တော့ပြီး ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကြက်ဉ၊ ပြောင်းမစ်၊ အိုင်အိုဒင်းဆားနှင့် ကုလားပဲတို့ကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)