အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်းအသစ် ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်း များအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ အုတ်ရေ မြောင်းအသစ် ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၇)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်၊ စောလေးကျင်ကုန်းလမ်း ဝဲ/ယာ (သာယာ အေး (၂) လမ်းနှင့်အဏ္ဏဝါ (၁)လမ်းကြား)တွင် ခရိုင် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ AE ဦးသန်းထွန်း တာဝန်ယူဆောင်ရွက်နေသော အုတ်ရေမြောင်း အသစ် ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)