ဘောဂလိ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ မဲတင်းတိမ်ကျေးရွာအုပ်စု၊ ဖြတ်လမ်းကူးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း မိုးစပါးစိုက်ဧကများ စိုက်ပျိုးမှုအခြေအနေနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ CERP ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မဲတင်းတိမ်ကျေးရွာအုပ်စု ဖြတ်လမ်းကူးကျေးရွာနေ တောင်သူ (၈) ဦး ပိုင်လယ်မြေ (၁၅) ဧကတွင် RS to CS စနစ်ဖြင့် ခြောက်တန်းတစ်တန်းလှပ်စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများအား ဘောဂလိမြို့ စိုက်ပျိုးရေးဦးစီးမှုး ဦးနေဝင်းနှင့်ဝန်ထမ်းများက သွားရောက်ကြည့်ရှုပြီး မိုးစပါးမျိုးစေ့စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်မည့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီလာအေး(ပြန်/ဆက်)