လှိုင်းဘွဲ ဩဂုတ်၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာမဲရုံးများမှ တင်သွင်းလာသည့် ကန့်ကွက်/ပြင်ဆင်/ဖြည့် စွက် စစ်ဆေးဆောင်ရွက်မှုလုပ်ငန်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ မဲစာရင်းများ စိစစ်ဆောင်ရွက်ရာ၌ လှိုင်းဘွဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍ မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာထားပြီး (၂၁) ရက်ပြည့်မြောက်၍ သက်ဆိုင်ရာမဲရုံများတွင် ပုံစံ (၃)၊ ပုံစံ (၄)၊ပုံစံ (၄-ဂ)တို့ဖြင့် တင်သွင်းလာသည့် မဲစာရင်းများစိစစ်ခြင်းလုပ်ငန်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)