လှိုင်းဘွဲ ဩဂုတ် ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက်ငါးနှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့်သန်ချဆေးများတိုက်ကျွေးရာတွင် “ကလေးများသန်မာဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့သန်ကျဆေးကို တိုက်ကျွေးစို့” ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များအာဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါကိုကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ကာ သွက်လက်ထက်မြက်စွာ လှုပ်ရှားသွားလာနိုင်ရေးစသည့် အကျိုးကျေးဇူးများရရှိစေရန်ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ခံဆရာမများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)