မဘိမ်းမြို့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မဘိမ်း     ဩဂုတ်     ၂၄                       

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိ စေရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံဝန်ထမ်းများက မဘိမ်းမြို့နယ် အတွင်းရှိ ဈေးသွားဈေးပြန်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး နှားခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

 မျိုးမင်း (ပြန်/ဆက်)