သံတောင်ကြီး သြဂုတ် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မိုးရွာသွန်းမှုကြောင့် ယမန်နေ့လုံးပတ် ၆ ပေ အရှည်ပေ ၄၀ ခန့်ရှိ သစ်ပုတ်ပင်ခြောက်နှစ်ပင် အမြစ်မှကျွတ်၍လဲကျခဲ့ရာ သံတောင်ကြီး-သံတောင်-တောင်ငူဆက်သွယ်ထားသော (33KV) ဓါတ်အား လိုင်းအပေါ်လဲကျခဲ့သဖြင့် ဓါတ်တိုင် (၅) တိုင်ကျိုးသွားပြီ လျှပ်စစ်ဓါတ်ပေးပို့မှု ပြတ်တောက်ခဲ့ရသည်။
ထိုသို့ မိုးရွာသွန်းမှုကြောင့် သံတောင်မြို့အမှတ်(၂)ရပ်ကွက်၊ တောင်ငူ-သံတောင်ဆက်သွယ်ထားသော ကားလမ်းမိုင်တိုင် အမှတ်(၁၂/၁)နှင့်(၁၂/၂)အကြားစိုက်ပျိုးရေးခြံထိပ် ကားလမ်းညာဘက်ခြမ်း ဆရာမဒေါ်လဲဒါ၏ ရော်ဘာခြံအတွင်းရှိ သစ်ပုတ်ခြောက်နှစ်ပင်အမြစ်မှကျွတ်၍ လဲကျခဲ့ရာ တောင်ငူ-သံတောင်၊ သံတောင်ကြီး၊ ဘောဂလိမြို့တို့မှပေးပို့သော(33KV) ဓါတ်အားလိုင်းအပေါ်လဲကျခဲ့သဖြင့် (၁၀)မီတာ ဓါတ်တိုင်(၃)တိုင်နှင့်(၁၂)မီတာဓါတ်တိုင်(၂)တိုင်ကျိုးသွားခဲ့သည်။
အဆိုပါ လမ်းပေါ်သို့ ကျိုးကျနေသောဓါတ်တိုင်များအား မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ သံတောင်မြို့မစခန်းမှူး ရဲအုပ် အောင်ဝင်းနှင့်အဖွဲ့၊ သံတောင်မီးသတ်စခန်းမှူး ဦးစိုးသူနှင့်ဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူးပေါင်း ၍ ဝိုင်းဝန်းဖယ်ရှားပေးခဲ့ကြပြီး လူနှင့် တိရိစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)