နမ္မတူ ဩဂုတ် ၂၄
နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်းနှင့် ကချင် (IDP) စခန်းတို့၌ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှု အဖွဲ့ (GLAD)မှ ဖွံ့ဖြိုးရေးအထောက်အကူပြု ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီခွဲ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း ခန်းမနှင့် ကချင် (IDP) စခန်းခန်းမတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း၊ စီမံကိန်းမန်နေဂျာ ဦးအင်းနော်ဆင့်နှင့် နမ္မတူမြို့နယ် တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က ကချင် (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများ တင်ပြတောင်းခံသည့် လိုအပ်သော အိမ်အသုံးအဆောင်ပစ္စည်း ဝယ်ယူရန်အတွက် ထောက်ပံ့ ငွေကျပ် (၁၄)သိန်းအားလည်းကောင်း ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများ တင်ပြ တောင်းခံသည့် ကြူဆော့ (IDP) စခန်း အဝင်လမ်း အကျယ် (၁၀)ပေ၊ အရှည် (၃၀၀)ပေ၊ ကွန်ကရစ်လမ်းခင်းရန်အတွက် ထောက်ပံ့ငွေကျပ် (၁၄) သိန်း အား လည်းကောင်း တိုက်ပွဲရှောင် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)