လှိုင်းဘွဲမြို့နယ်တွင် ပိုးမွှားရောဂါကာကွယ်နှိပ်နှင်းရေးနှင့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေး

လှိုင်းဘွဲ         ဩဂုတ်  ၂၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့ပူးပေါင်း၍ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့က အထက်ရေပူးကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းက တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိလာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးဝင်းမင်းထက်က သဘာဝပိုးသတ်ဆေးအသုံးပြုမှုနှင့် အပင်မှ ပိုးမွှားကာကွယ်နှိမ်နှင်းခြင်းအကြောင်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒုတိယလက်ထောက်ဦးစီးမှူ ဦးနေလင်းထွန်းက GPA စနစ်ဖြင့် စိုက်ပျိုးသော သီးနှံများအကြောင်းကို နည်းပညာပေးဆွေးနွေးပြီး အထက်ရေပူကျေးရွာအုပ်စုအတွင်း တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)