လှိုင်သာယာမြို့နယ်၌ မိုးရာသီသစ်ပင်များစိုက်ပျိုး

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီသစ်ပင်များ စိုက်ပျိုးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း က လှိုင်သာယာမြို့နယ် သာသနမကုဋအတုလ  ဗိမာန်တော်ကြီးတွင် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဦးဇေကိုကို ဦးဆောင်သော လူမှုပရဟိတ အဖွဲ့များ စုပေါင်း၍ စိုက်ပျိုးသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း စိမ်းလန်းသာယာလှပစေရန်နှင့် သန့်ရှင်းသော လေကောင်းလေသန့် ရရှိစေ ရန်အတွက် လှိုင်သာယာမြို့နယ် သာသနမကုဋအတုလ  ဗိမာန်တော်ကြီးရှေ့တွင် စင်္ကာပူ ချယ်ရီပင်၊ အင်ကြင်းပင်၊ မဟော်ဂနီပင်နှင့် ကံကော်ပင် များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)