မိုင်းဖြတ်မြို့နယ်၌  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသ

မိုင်းဖြတ် ​ဒီဇင်ဘာ ၂၄

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်ပိုစတာကို ယမန်နေ့ နံနက်ပိုင်း က  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ မြေစိုက်နံရံကက်ပြဘုတ်၌ ခင်းကျင်း ပြသခဲ့ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ အသိပညာပေး မြေစိုက်ဘုတ်၌ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ လုပ်ငန်းများ ဆောင်ရွက်သည့် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သည့် မှတ်တမ်းပုံများပါဝင်သည့် ဗီနိုင်ပိုစတာကို ခင်းကျင်းပြသခဲ့ သည်။

အသိပညာပေး မြေစိုက်ဘုတ်သည် မိုင်းဖြတ်မြို့ရှိ ပြည်ထောင်စု လမ်းမကြီးဘေးတွင် ဆောင်ရွက်ထားရှိသည့် အတွက် အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ လေ့လာဖတ်ရှုကြကြောင်း သိရ သည်။

သန်းထွန်းအေး