ဒေါ့ဖုန်းယန်မြို့၌ မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်ပစ္စည်းနှင့် Mask များ ထောက်ပံ့ပေးအပ် ခြင်း အခမ်းအနားကျင်းပ

ဒေါ့ဖုန်းယန် ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ မသန်စွမ်းသူများအား အခြေခံစားသောက် ကုန်ပစ္စည်းနှင့် Mask များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုးမောက်မြို့နယ် Ever Green ပရဟိတ လူမှုရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိန်ရွှေက မသန်စွမ်းသူများအား အခြေခံစားသောက်ကုန်ပစ္စည်းနှင့် Mask များ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းကို ပြောကြားပြီး မသန် စွမ်းသူများရှိသော ဒေါ့ဖုန်းယန်မြို့ အမှတ်(၁)ရပ်ကွက်(၁၃)ဦး၊ အမှတ်(၂)ရပ်ကွက်(၁၁) ဦး၊ အမှတ် (၃) ရပ်ကွက် (၇)ဦး၊ ဖာကေကျေးရွာအုပ်စု၊ ဖာကေကျေးရွာတွင်(၁၂)ဦးနှင့် ပန်ကောင်းမုကျေးရွာတွင်(၇)ဦး၊ စုစုပေါင်း(၅၀)ဦးတို့အား တစ်ဦးလျှင် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ဆန်(၈)ပြည်၊ ကြက်ဥ (၃၀)လုံး၊ ဆီ(၁)ဘူး၊ ဆား(၁)ပိဿာ၊ ကြက်သွန်ဖြူ (၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပြောင်းဖူးမစ် (၁) ထုပ်၊ သွားတိုက်ဆေး(၁)ဘူး၊ ဆပ်ပြာမွှေး(၁)ခဲနှင့် Mask (၁)ဘူးတို့အား Ever Green ပရဟိတ လူမှုရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိန်ရွှေနှင့် ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ မသန်စွမ်းသူများအား ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်ရှိနေသေးသည့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးအပ် လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်စိုး