ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၅၃၄၈၆ ဦး ထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ (၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ် ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၈,၄၀၆ ဦး၊ Sinopharm ဒုတိယအကြိမ် ၅၆,၂၄၇ ဦး၊ Sinovac ပထမအကြိမ် ၄,၄၉၄ ဦး၊ Sinovac ဒုတိယ အကြိမ် ထိုးပေးနိုင်မှု ၄,၃၂၁ ဦး၊ စုစုပေါင်း ၁၅၃,၄၈၆ ဦး ထိုးနိုင်ပေးခဲ့ပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ထံက သိရသည်။
သဲဖြူ