လွိုင်လင် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ဘုတ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာသိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက်မှတ် တမ်းဓာတ်ပုံများအပါအဝင် ဗီနိုင်းပိုစတာများဖြင့် ဝေဝေဆာဆာပြသထားပြီး ပြည်သူများက စိတ်ဝင်တစား ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရ သည်။
အယ်မင်း (လွိုင်လင်)