မန်ကန် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ရုံးရှေ့၌ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မှတ်တမ်းဓာတ်ပုံများပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့်ဦးတည်ချက်(၉)ရပ်ပါ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား ထည့်သွင်းပြသထားရှိပြီး ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မန်ကန်(ပြန်/ဆက်)