တနိုင်း ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနာခရိုင်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ၌ ယနေ့ နေ့လယ်(၁၂)နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးက (Talk Show) ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တနိုင်းမြို့နယ် ၊ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော ဦးမျိုးညွှန့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဖွဲ့စည်းဖြစ်ပေါ်လာပုံနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းများနှင့် ဌာနမျှော်မှန်းချက်များ၊ ရေတိုင်းတာခြင်း၊ လေထုတိုင်းတာ စစ်ဆေးခြင်းများ၊ ကချင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုအားနည်းပြီး အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘယ်လိုနေထိုင်ဆောင်ရွက်သင့်ကြောင်း၊ ကွင်းဆင်းစစ်ဆေးရတဲ့အခါမှာ EPN လိုက်နာ ရမည့်အချက်များ၊ ကတိကဝတ်ပါ ရှောင်ကျဉ်ရမည့်အချက်များနှင့် ပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်စေခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်းကို လျော့ချစေခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုများကို ရှောင်ရှားသင့်ပြီး ပလပ်စတစ်အိတ်သုံးစွဲမှုများကို လျော့ချသင့်ကြောင်း စသည့် အကြာင်းအရာများ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ဝါဝါ(ပြန်/ဆက်)