ကလိန်အောင် ဒီဇင်ဘာ ၂၂
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့် ဈေးဆိုင်များ၊ လူစည်ကားရာ နေရာများတွင် (191) စတေကာကပ်နှိပ်ခြင်းနှင့် မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ် (၃) လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြုံ တွေ့လျှင် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဖိုအသုံးပြုလျှင်၊ လျှပ်စစ်ဓာတ်အားသုံးလျှင်၊ ဓာတ်ဆီဖြည့်လျှင်၊ ဓာတ်ဆီ ဖလှယ်လျှင်၊ မီးသားစုအားလုံး အပြင်သွားမည်ဆိုလျှင်၊ ဘုရားမီး၊ အမွှေးတိုင်မီးပူဇော်လျှင်၊ အထပ်မြင့်တိုက်များမီးလောင်လျှင်၊ ဆေးလိပ်သောက်လျှင်၊ မီးလောင်မှုဖြစ်၍ မီးခိုး အန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရန်ရှောင်ရန်များနှင့် မိမိနေအိမ်တွင်မီးဘေးအန္တရာယ်ကင်း ဝေးစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များကို ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိုးမိုးခိုင်