ညောင်ဦး ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၂၈၁၂၆၃ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ်စုရပ်(၁၂) နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ (၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် (Sinopharm) ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၇၄၄၈၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၆၅၃၅ ဦး၊ Sinovac ပထမအကြိမ် ၃၆၁၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၁၆၄ ဦး၊စုစုပေါင်း ၁၂၇၇၉၅ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၈၈၄၀၆ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၅၆၂၄၇ ဦး၊ Sinovac ပထမအကြိမ်ထိုးပေးနိုင်မှု ၄၄၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၂၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ပေါင်း ၁၅၃၄၈၆ ဦး ညောင်ဦး၊ ကျောက်ပန်းတောင်း စုစုပေါင်း လူဦးရေ ၂၈၁၂၆၃ ဦး ထိုးနိုင်ပေးနိုင်ပြီဖြစ်ကြောင်း၊ ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ကိုထိန်၊KPD