မိုင်းပျဉ်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းပျဉ်းမြို့နယ်ရုံး၌ နိုင်ငံတော်စီ မံအုပ်ချုပ်ရေ ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို နံရံကပ်စာစောင်ဖြင့် ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။
နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ဦးတည်ချက်(၉)ရပ်တို့ကို မှတ်တမ်းဓါတ်ပုံ များနှင့်တကွ စုံလင်စွာဖော်ပြထားရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကိုရုံးသို့ လာရောက်၍ စာအုပ်၊ စာစောင်ငှားရမ်းဖတ်ရှုသည့် မိဘပြည်သူများ သိရှိနိုင်ပြီး ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ပြသဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်(ပြန်/ဆက်)