စုကလိ ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၂ နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်မှုမှ ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ် တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများ သို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ပြတ်တောက်နိုင်စေရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် ကို (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက်များနှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ပိုပိုအောင်