ညောင်ဦး ဒီဇင်ဘာ ၂၂
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနန်းတင့်၊ ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်၊ မြို့နယ်ဦးစီးမှူး ဦးနန်းတင့်တို့ ဦးဆောင်ကြီးကြပ်မှု ဖြင့် ယနေ့နံနက် ၉ နာရီချိန်မှ စတင်ပြီး ပန်းခင်းစီမံချက်ဖြင့် အမှတ်(၅)နယ်မြေရှိ ပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းလုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာ အမှတ်(၅)နယ်မြေရှိ အနောက်ဈေးတန်း၊ တောင်ဈေးတန်းရပ်၊ မြောက်ဈေး တန်းရပ်၊ မင်္ဂလာသာစည်ရပ်၊ နန်းကြီးကုန်းရပ်၊ ချောင်းရိုး၊ ရှမ်းကုန်းရပ်၊ ဘုရားကြီးရပ်နှင့် စည်ပင်သာယာရပ်တို့ရှိ ပြည်သူ များအား လူဦးရေ ကျား ၇၀ ဦး၊ မ ၆၉ ဦး၊ စုစုပေါင်း ၁၃၉ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် ၁၀ နှစ် ပြည့်နှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း များကို ကျန်းမာရေးညွှန် ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD