ကျေးသီး ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ (၂) နာရီ က ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ကျောင်းသား၊ ကျောင်းသူ ကလေးများ အနေဖြင့် စိတ်ကူးဉာဏ်ရင့်သန်၍ ကိုယ်ပိုင်တီထွင်ဖန်တီး တတ်သည့် အလေ့အကျင့်များ ရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၈) ဦး ဝင်ရောင်ယှဉ်ပြိုင်ခဲ့ပြီး ကျေးသီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကလေးငယ်များ စိတ်အပန်းဖြေစရာ အရောင်ခြယ် စာအုပ်နှင့်ရောင်စုံ ခဲတံများအား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းမွမ်းဆိုင် (ကျေးသီး)