ညောင်ဦးမြိုနယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်

ညောင်ဦး  ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်း ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ် နေသော (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန်ပွားမှု  ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးအိမ် တွင်သာနေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ နေအိမ်အပြင်ပ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ နှာ ခေါင်းစည်းမတပ်ပဲ ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာ၊ မကြာခဏဆေးကြောရန်၊ လူစုလူ ဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့်နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်းသိရသည်။

ကိုထိန်၊ KPD