မေတ္တာ ဒီဇင်ဘာ ၂၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မေတ္တာမြို့ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာ များတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မေတ္တာမြို့၊ တောင်သုံး လုံးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာ တောင်သုံးလုံးကျေးရွာအုပ်စုရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် အမျိုးသားမှတ်ပုံတင်ပြုလုပ်သူ(၁၀၁)ဦး၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်သူ (၇၄)ဦး၊ မှတ်ပုံတင်လဲလှယ်သူ(၅၅)ဦးနှင့် ပျောက်ဆုံး/ပျက်စီးပြန်လည်ပြုလုပ်သူ(၂၇)ဦး၊ စုစုပေါင်း(၂၅၇) ဦးနှင့် အိမ်ထောင်စုစာရင်း(၇၃)စောင်အား လည်းကောင်း၊ (၁ဝ)နှစ်ပြည့် အမျိုးသား မှတ်ပုံတင် ပြုလုပ်သူ(၂၆ )ဦး၊ အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင်ပြုလုပ်သူ( ၂၄)ဦး၊ မှတ်ပုံတင်လှဲလှယ်သူ(၈ )ဦး၊ ပျောက်ဆုံး/ပျက်စီး ပြန်လည်ပြုလုပ်သူ(၁၅)ဦးစုစုပေါင်း( ၇၃)ဦးနှင့် အိမ်ထောင်စု စာရင်း (၃၅)စောင်တို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ထားဝယ်မြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့်တာဝန်ရှိသူများက အမျိုးသား မှတ်ပုံတင်ကတ်များနှင့် အိမ်ထောင်စုစာရင်း ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ အမျိုးသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ဝေးလံသည့်ကျေးရွာများအထိ အရောက်သွားကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)