ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ဝိုင်းကျင်းပ

ကျောက်တံတား  ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ခံ) ဒေါ်စိုးယုလှိုင်က စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ စာရေးဆရာ အကြီးကိုကို(ကသာ) ရေးသားထားတဲ့ သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက် လူငယ်ဘဝတိုးတတ် အောင်မြင်ရေး လမ်းညွှန်စာစုများမှ အလုပ်အပေါ်ထားရှိရမည့် စိတ်နေသဘောထားအကြောင်းအရာကို စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင် ဦးကြိုင်မှ အလုပ်ကို တာဝန်ယူချင်တဲ့စိတ်၊ တာဝန်ခံရဲ့တဲ့စိတ်၊ နာ(၅)နာ စတဲ့ လုပ်ငန်းခွင် အတွက်ရော မိမိဘဝအတွက်ပါ ထားရှိရမည့် စိတ်သဘောထားခံယူချက်များကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။