ကျွန်းစုမြို့တွင် “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု  ဒီဇင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ တောပြားကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၄၆၁)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၃၇၄)ဦး၊ လဲလှယ်(၁၆၃)ဦး၊ မိတ္တူ(၂၉၄)ဦး၊ စုစုပေါင်း(၁၂၉၂)ဦးနှင့် ရွှေ့ပြောင်း အိမ်​ထောင်စု(၂၉)စု၊ ယာယီ​​ရွှေ့ပြောင်း(၂၀)စု၊ အိမ်ထောင်စုမိတ္တူ (၁၅၀)စု၊ စုစုပေါင်း(၁၉၉)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

CTRA(Kyunsu)