ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲများဆောင်ရွက်

ကမမောင်း     ဒီဇင်ဘာ    ၂၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာအုပ်စာ စောင်နှင့်နံရံကပ်ပြပွဲများပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်.ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကမမောင်း မြို့ဦးစီးမှူးဒေါ် ယဉ်ယဉ် အေးက ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲ သတိရနေစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံကို သိရှိလာစေရန်၊ လွတ်လပ်ရေး အဓိပ္ပါယ်၊ လွတ်လပ်ရေးနေ့သမိုင်းကြောင်း စသည့်အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ် ၍ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက်(၉)ရပ်၊ပြည်ထောင်စုကြီး တည်တံ့စေရေး လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကြောင်းဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် လွတ်လပ်ရေး ကြိုပမ်းမှု သမိုင်း ဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုး ထားတတ်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အမျိုးအစား  ပညာရပ်များ အလိုက် ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)