ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဟောပြောပွဲနှင့် အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ      ဒီဇင်ဘာ      ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက် ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် (၉) နာရီက ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နယ်လှည့်စာ ကြည့်တိုက်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ အထက (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးလွင်ကိုကိုက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လွတ်လပ်ရေးနေ့အကြို လက်ဆောင်စကား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်သူလေးများအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ မှတ်ဉာဏ်စွမ်းရည် အထောက်အကူပြု ဂိမ်းများကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

စိုင်းအယ်ဘဲ