ရန်ကင်း ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြတ်ထိုးဉာဏ်ဖြင့် စဉ်းစားတတ်တဲ့ အလေ့အထရရှိစေ ရန် ဉာဏ်ရည်ထက်မြက်စေရန်၊ စာကြည့်တိုက်၌ စာဖတ်တဲ့ အလေ့အထရရှိစေရန်နှင့် လွတ်လပ်ရေး နေ့ကို အမှတ်တရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centr ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းများလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ကျောင်းသား ကျောင်းသူများကို ဗလာစာအုပ်နှင့် ခဲတံများ လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး