ဒဂုံတောင် ဒီဇင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်(၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၇)သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးများအတွက် Online မှတဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
အေးမဉ္ဇူ