ထားဝယ် ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ထားဝယ်မှ အရှေ့ဘက် ၂၁ မိုင်ခန့်အကွာ၊ ဖောင်းတောချောင်းတွင် ရေအားနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက် နိုင်စွမ်းရှိ/မရှိ လေ့လာခြင်း အစီရင်ခံစာတင်ပြရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နားလည်မှု မှတ်တမ်းလက်မှတ်ရေးထိုးထားသည့် ပန်းသိင်္ဂီစွမ်းအင် ကုမ္ပဏီလီမိတက်မှ Fs Report (Technical) အား တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများစိစစ်ရေး ကော်မတီသို့လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက ဖောင်းတောရေအားလျှပ်စစ်စီမံ ကိန်းတွင် မူလရှိပြီး ဖြစ်သည့်လျှပ်စစ်စီမံကိန်းကို အဆင့်မြင့်တင်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေး ရခြင်းဖြစ်ကြောင်း၊ ဖောင်းတော မီးစက်သည်ဟိန္ဒားသတ္တုတွင်း လုပ်ငန်းခွင်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နေသည့် မီးစက်ဖြစ် ပြီး ၁၉၃၆ခုနှစ်တွင် စတင်တည်ဆောက် ၍ ၁၉၃၉ ခုနှစ်တွင် စတင် လည်ပတ်ခဲ့သော ရေအားဖြင့်လည်ပတ်သည့် တာဘိုင် လျှပ်စစ်ဓာတ်အားထုတ်စက်ဖြစ်ကြောင်း၊ တာဘိုင်လျှပ်စစ်ဓာတ်အားပေးစက်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ယခုအခြေအနေတွင် စွမ်းအားပြည့်မလည်ပတ်နိုင်ကြောင်းသိရှိရပြီး လျှပ်စစ်ဓာတ်အားပေးစက်အဆင့်မြင့် တင်လိုက်မည်ဆိုပါ က ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် စျေးနှုန်းသက်သာစွာဖြင့် ရနိုင်မှာ ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက် အဆင့်မြှင့်တင်ရေး ကိစ္စရပ်များတွင် အကြောင်းအမျိုးမျိုး ကြောင့် အချိန်နှောင်နှေးကြန့်ကြာခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်စေချင်သော ဆန္ဒရှိပြီး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ရန်အသင့်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင်အတိုင်းအတာတစ်ခု အထိဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထိုနောက်ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်က Fs Report (Technical)နှင့် ပတ်သက်၍ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ကော်မတီဝင်များက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)