သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အိမ်ဆောက်ပြိုင်ပွဲပြုလုပ်

သံတောင်ကြီး ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေဖြင့် စာကြည်တိုက်နှင့် ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ တီတွင်တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အိမ်ဆောက်ပြိုင်ပွဲပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးနော်လော်မူက  ကလေးသူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့ ကိုသိရှိ တန်ဖိုးထားတတ်စေရန် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုကြရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ တီတွင်တတ်သည့်အတွေး အခေါ်များရှိစေရန်၊ ဉာဏ်ရည်ဉာဏ် သွေးများ မြှင့်မားလာစေရန် ယခုကဲ့သို့ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပြီး အိမ်ဆောက်ပြိုင်ပွဲ ပြိုင်ပွဲအား ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)