ကာမိုင်း ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြည်သူများအားစာပေချစ်မြတ်နိုးစေရန်၊ စာဖတ်သည့်အလေ့အထရရှိစေရန်နှင့်စာပေမှအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍စာရေးဆရာချစ်နိုင်ရေးသားသည့်လူငယ်နှင့်ဇွဲစာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကိုယနေ့မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်/ဆက်ဦးစီးမှူးဒေါ်ခင်သက်ဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ကိုစိုင်းဇော်လတ်က"လူငယ်နှင့်အခွင်အလမ်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒေါ်အေးအေးမြင့်က"ကောင်းသောစကားနှင့်ကောင်းသောစာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒေါ်ခိုင်မွန်စန်းက "လူငယ်နှင့်ဇွဲ"၊"သင့်ကအလုပ်ကိုချစ်လျှင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒေါ်သော်သော်ဇင်က"တန်းဖိုးအရှိဆုံးအရာ"၊"ပန်းတိုင်းပွင့်စေ ငြိမ်းချမ်းပါစေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊မနန်းစော၀တီက"စာဖတ်လေလေ တိုးတက်လေ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြား၍ တက်ရောက် လာသူများဖြင့်အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဆိုင်း