ကျွန်းစု ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျွန်းစု မြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၉ ရက်နေ့အထိ ကဘင်ကျေးရွာအုပ်စုရှိ ကျေးရွာ (၁၄) ရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃ (က) (၅၉၉)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆ (က) (၂၄၁)ဦး၊ လဲလှယ် (၈၇) ဦး၊ မိတ္တူ (၁၂၂)ဦး၊ စုစုပေါင်း (၁၀၄၉) ဦးနှင့် ရွှေ့ပြောင်းအိမ်ထောင်စု(၅၅)စု၊ ယာယီရွှေ့ပြောင်း(၂၇)စု၊ အိမ်ထောင်စုမိတ္တူ (၉၀)စုနှင့် အိမ်ထောင်စုခွဲထွက်(၉၁)စု၊ စုစုပေါင်း(၂၆၃)စု တို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လက်ကမ်းစာစောင် အစောင်ရေ (၈၅၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
CTRA(Kyunsu)