မိုင်းဖြတ်မြို့နယ်၊ မိုင်းတင်းနှင့်လန်းဆတ်ကျေးရွာအုပ်စု၌ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

မိုင်းဖြတ် ဒီဇင်ဘာ ၂၀

ရှမ်းပြယ်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ  မိုင်းတင်း နှင့် လန်းဆတ်ကျေးရွာအုပ်စုတို့၌    ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်း​ဆင်း​ဆောင်ရွက်ပြုလုပ်​ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းက မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် သိကောင်းစရာများနှင့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည် ယင်း​နောက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက   မိုင်းတင်းနှင့် လန်းဆတ် ကျေးရွာ အုပ်စုအတွင်း၌ ကျေးရွာနေပြည်သူများကိုယ်တိုင် လာရောက်လျှောက်ထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၅) ဦးနှင့်  အိမ်ထောင်စုလူဦးရစာစာရင်း လျှောက်ထားသူ  အိမ်ထောင်စု(၃၅)စုတို့ကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

​​​သန်းထွန်းအေး