ရွှေကူ ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူများ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ရိုက်ကူးတင်ဆက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်ရိုက်ကူးခြင်းများဆောင်ရွက်ရာတွင် ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအား စနစ်ကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများ၌ ကျန်းမာရေးအတွက် ကိုယ် လက်လှုပ်ရှားမှုများကို အသက်အရွယ်မရွေးပြုလုပ်နိုင်သည့် အားကစား နည်းများကို လိုက်ပါ ကစားနိုင်ရန် သရုပ်ပြကစားခြင်းဖြစ်ပြီး online မှတစ်ဆင့် အတူလိုက်ပါကစားနိုင်စေရန် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Physical Fitiness Dance အဖွဲ့က သရုပ်ပြတင်ဆက်ရိုက်ကူး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများ ရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ရွှေကူမြို့နယ်ပြည်သူ့စာကြည့်တိုက် facebook page တွင် အပတ်စဉ်ထုတ်လွှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)