မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မဘိမ်း ဒီဇင်ဘာ ၂ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေချစ်မြတ်နိုသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မဘိမ်းမြို့နယ် Book Club အဖွဲ့ဝင် ဦးသက်ပိုင်စိုးက ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်တွင်ပါဝင်သည့် ဟောပြောချက်၊ ဦးအောင်မျိုးမင်းနှင့် ဦးသော်ဇင်ထွန်းတို့က အမေးအဖြေများစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးဖတ် ကြားကြပြီး မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက နောက်ဆက်တွဲအမေးအဖြေများ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များမှ သိရှိလိုသည် များကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)