တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁၂)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဦးနှင့် ဝန်ထမ်းများကပန်းခင်းစီမံချက်အရ အမှတ်(၁၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက်ဆောင်ရွက်သည့် ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး၊ စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး၍အမှတ် (၁၂)ရပ်ကွက် နေပြည်သူ တို့အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များမှလာ ရောက်ကြည့်ရူကြီးကြပ်၍ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင်အမြဲနေထိုင်ကာအိမ်ထောင်စုလူဦး ရေစာရင်းရှိပြီးကိုင်ဆောင် လက်မှတ် မရှိသူများ၊လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်လက် မှတ်မရှိသူများကို ဥပဒေနှင့်အညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။
ခင်ဆွေနှင်း