မိုင်းငေါ့ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံ ရှေ့တွင် ယမန်နေ့နံနက် (၉) နာရီ အချိန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများပြသ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်းသား /သူ များအလွယ် တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိစေရန် ရည်ရွယ် ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်း ဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက် (၉)ရပ် တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံ များပါဝင်သည့် ဗီနိုင်း ပိုစတာများကို သိရှိနိုင် ရန် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်သွယ်