မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကျင်းပ

မိုင်းလုံ  ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက် (၉းဝဝ) နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်း အရာများကို ကလေးငယ်များ အမြဲအမှတ်ရစေရန်ရည်ရွယ်၍ လွတ်လပ်ရေး၏အဓိပ္ပာယ်နှင့် လွတ်လပ်ရေး၏အနှစ်သာရကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြော ပွဲသို့လာရောက်သည့်  ကလေးငယ်များကို လွတ်လပ်ရေးနေ့နှင့်သက်ဆိုင်သော စာအုပ်များကို ဖတ်ရှု‌စေခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန် ချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)