ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိ ရပ်ကွက် နှင့် ဂန္ဓမာဈေးတို့တွင် ယနေ့နံနက် (၈) နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး အတွက် အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက် ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ ဂန္ဓမာဈေးတာဝန်ခံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဉာဏသိဒ္ဓိ ရပ်ကွက်အတွင်းရှိ လမ်းသွား လမ်းလာ ပြည်သူ များနှင့် ဂန္ဓမာဈေးတို့တွင် ဈေးရောင်း ဈေးဝယ်လာပြည်သူများအား တစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာကြရန်နှင့် မေးတွင်တပ်ဆင် ချိတ်ထား ခြင်း မပြုကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်များကို အသိ/ သတိဖြင့် လိုက်နာ၍ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် နှိုးဆော် ပေးပြီး နှာခေါင်းစည်း (Mask) များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ မြို့နယ် (ပြန်/ဆက်)