သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်

သုံးခွ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်  ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ)ရေးသားသည့် "စောင့်လေ မျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှု ဆောင်းပါးများ" စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ရန်ကုန်တိုင်းဒေသကြီး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းလွင်က စာအုပ်ထဲမှ "မြန်မာ့ယဉ်ကျေးမှုအမွေ" (Book Club)အဖွဲ့၀င် ဦးကြည်စိုးလွင်မှ "ရုပ်ကိုလည်းပြင် စိတ်ကိုလည်းပြင်"၊ ဦးစီသန်းမှ "ယဉ်ကျေးမှုနှင့်အလှဆင်" စသည့် စာအုပ်ပါအကြောင်း အရာများအား ဆွေးနွေးခဲ့ရာ တက်ရောက် လာသည့် စာပေချစ်သူများမှ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်း ဖလှယ် ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။

စည်သူလင်း(ပြန်/ဆက်)