ပြင်ဦးလွင် ၊ ဒီဇင်ဘာ ၁၉
ခရီးသွားလေ့လာရေးပြည်သူများနှင့် ဒေသခံပြည်သူများ ရှမ်းပြည်နယ် ( မြောင်ပိုင်း )၊ နောင်ချိုမြို့နယ် နှင့် ကျောက်မဲမြို့နယ်ကြား ၊ မန္တလေး - လားရှိုးမီးရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားသို့ လေ့လာ အပန်းဖြေနိုင်ရန်အတွက် နေ့ချင်းပြန်ခရီးစဉ်ကို ယနေ့နံနက် ( ၈ ) နာရီက ပြင်ဦးလွင်ဘူတာမှ နောင်ချိုမြို့နယ် ဂုတ်ထိပ်ဘူတာသို့ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရှိရသည် ။
မြန်မာနိုင်ငံ၏ ကမ္ဘာကျော်ဂုတ်ထိပ်တံတားသည် တံတားတည်ဆောက်ပုံမှာ နည်းပညာအဆင့်မြှင့်မား ခြင်းနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတွေကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြား လျက်ရှိသည့် ဂုတ်ထိပ်တံတားသည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများထဲမှ ထင်ရှားတဲ့လေ့လာ အပန်းဖြေနေရာ တစ်ခု ပင် ဖြစ်ပါသည် ။
အဆိုပါ ခရီးစဉ်သည် ပြင်ဦးလွင်ဘူတာမှ နံနက် ( ၈ ) နာရီမှစတင်ပြီး ( ၁၃၁ ) အဆန်မီးရထားဖြင့် လူတစ်ဦးလျှင် အသွား ( ၅၅၀ ) ကျပ် ၊ အပြန် ( ၅၅၀ ) ကျပ်ဖြင့် လူဉီးရေ ( ၁၁၆ ) ဦး လိုက်ပါ စီးနင်းလျက်ရှိပြီး ဂုတ်ထိပ်ဘူတာသို့ နံနက် ( ၁၁) နာရီအချိန် ရောက်ရှိမည်ဖြစ်ရာ ဂုတ်ထိပ်တွင် ( ၁ ) နာရီ အပန်းဖြေအနားယူ လည်ပတ်ဓါတ်ပုံရိုက်ကာ နေ့လယ် ( ၁၂ )နာရီတွင် နောင်ချိုဘူတာမှ ပြင်ဦးလွင် ဘူတာသို့ ပြန်လည်ထွက်ခွာ၍ ညနေ ( ၃ ) နာရီအချိန်တွင် ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်းနှင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ နံနက် ( ၈) နာရီမှစတင်ပြီး ပြင်ဉီးလွင်ဘူတာ မှ ဂုတ်ထိပ်သို့ ပုံမှန် ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည် ။
ခရိုင် ( ပြန်/ဆက် )