ကွမ်းခြံကုန်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား ပြသဆောင်ရွက်ထားရှိ

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရုံတွင်းနံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် လျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အတွက် ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ပြသလျက်ရှိရာ မြို့နယ်နေ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရ သည်။

ဆွေနွယ်