နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထား

မဘိမ်း      ဒီဇင်ဘာ      ၁၉         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင် များကို လစဉ်အသစ်လဲ လှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထား ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများနှင့် ကျောင်း သား /ကျောင်းသူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက် ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ် တွင်ပါဝင် သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးမင်း