မြိတ် ဒီဇင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် စာသင်ကျောင်းများသို့ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အထက(၃)ကျောင်းမှ ကျောင်းသား/သူများအား ပြုလုပ်ပေး လျက်ရှိသည်။
ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်၃(က)ကို မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်ခင်လင်းဝေနှင့် ဝန်ထမ်းများက ပြုလုပ်ပေးရာတွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များ ရေးသွင်းကူညီဆောင်လျက်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေက စီမံကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။
မြိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား နိုင်၃ (က) ဆောင်ရွက်ပေးခြင်းကို အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် ကျောင်း(၅) ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၂၈၇)ဦးကို ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက် ပြီး မြို့နယ်အတွင်းရှိ ကျောင်းများသို့ ဆက်လက်ကွင်းဆင်းပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး